မိတ္ထီလာ အထက(၄) ၌ လူငယ်ရေးရာ အသိပညာဟောပြောပွဲကျင်းပ

မိတ္ထီလာ ဩဂုတ် ၂၃

မိတ္ထီလာ၌ ခရိုင်ပညာရေးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက အထက (၄) ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင် က အမှာစကားပြောကြားသည်။ ၄င်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးခိုင်မင်းဦးက အားကစားနှင့်လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြာသည်။

ဆက်လက်၍ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ (ဒိုင်) နည်းပြ ဦးအောင်ကို ဦးဆောင်သည့် မျိုးဆက်သစ်လူငယ်ခြင်းလုံးအဖွဲ့က မြန်မာရိုးရာ ခြင်းလုံးအခြေခံကစားနည်းများကို သရုပ်ပြကစားရာ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ တက်ရောက်လာကြသူများ ကြည့်ရှု အားပေးသည်။ ကျောင်းအုပ်ဒေါ်ခင်မာချိုထံသို့ အထက(၄) ကျောင်းသူ၊ ကျောင်းသားများ အားကစားပြုလုပ်ရာတွင် လိုအပ်သည့် အားကစားပစ္စည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ဖြစ်သူက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ