နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် တွင် လူငယ်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်()  ဩဂုတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁၁ နာရီက လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) အဖွဲ့ဝင် ဦးသန်းစိန်နှင့် ဦးမြင့်အောင် တို့က လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားလုပ်ငန်းများကို အချိန်ပေးဆောင်ရွက်ရေးနှင့် နိုင်ငံတော် အတွက် ဉာဏ်ရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များပေါ်ထွက်ရေး  စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက