သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

သီပေါ ဩဂုတ် ၂၃

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယနေ့နံနက် (၁၀)နာရီကစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အဆန်(ခေါင်စို)စာပေကော်မတီမှ ရေးသားပြုစုသည့် “ကူညီခြင်း၏အကျိုး” စာအုပ်ပါ ပုံပြင်ဇာတ်လမ်းနှင့် ရုပ်ပုံများကို ဖတ်ပြရှင်းလင်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာပေး ရုပ်ပြကာတွန်း စာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံစာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)