မိုင်းယန်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ငလျင်၏သဘောသဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်ပြီး ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်တိုင်းတွင် ဂရုပြုနေထိုင်ကြရန်၊ ငလျင်ဆိုင်ရာအသိ ပညာပေးလုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုင်းယန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်နိုင်စိုးက ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်မလှုပ်မီ သိရှိဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)