လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ကလေးစာဖန်းခန်း၌ ဆေးရောင်​ခြယ်ပြိုင်ပွဲ ကျင်းပ

ကျိုင်းတောင်း သြဂုတ် ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လည်ပိုင်း ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၏ အကဲဖြတ်အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော Grade-6 မှ ကျောင်းသား/ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုအသီးသီးချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)