သပိတ်ကျင်း သြဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ ဖြိုးရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးရန်အတွက် သြဂုတ်လ(၁၉)နေ့မှ့စတင်၍ ကျေးရွားများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင် ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပုဏ္ဏားကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ဂွေးပင်မှော်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ များနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး၊ ကျေးရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်မှ ကျေးရွာ ပြည်သူများ၏ လုံခြုံရေးကိစ္စရပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းမြတ်သူမှ လက်ရှိနိင်ငံရေးအခြေအနေနှင့်အကြမ်းဖက်မှု ဖြစ်စဥ်များအားရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ကျေးရွာခြင်းဆက်လမ်းများ အဆင့်မြှင့်တင်ရေး၊လျှပ်စစ်မီးရရှိရေး၊ပညာရေး၊ လမ်းတံတားများကောင်းမွန်ရေး၊စိုက်ပျိုးရေး တို့ကို သက်ဆိုင်ရာဌာနများအလိုက်ဆောင်ရွက်ပေးနိုင်မှုများအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူများမှ ဒေသလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)၊သပိတ်ကျင်း