အင်တော ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်၁၀ နာရီက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက လူကုန်ကူးမှုအန္တရာယ် နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃က လူငယ်လူရွယ်နှင့် ပတ်သက်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်း သိကောင်း စရာများ၊ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ခင်းကျင်းပြသထားသည့် လျှပ်စစ်မီးချွေတာသုံးစွဲရေး၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်းမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများ လေ့လာကြည့်ရှုကြပြီး ဆရာ၊ ဆရာမများအား စာအုပ်စာစောင်များကိုလည်း ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)