နောင်တရား ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရာမြို့ သံတဲကျေးရွာ အခြေခံပညာမူလလွန်ကျောင်း၊ သစ်ပင်မဲကျေးရွာ အခြေခံပညာမူလွန်ကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ကျင်းပခဲ့သည်။
ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နောင်တရားမြို့ သံတဲကျေးရွာ၊ အခြေခံပညာမူလွန် ကျောင်း၌ မြို့ဦးစီးမှူး ဦးစိုးတင့်က စာအုပ်များမှ သုတ၊ ရသအကြောင်းကိုလည်းကောင်း၊ သစ်ပင်မဲကျေးရွာ အခြေခံပညာမူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် ဟောပြော သည့် ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အောင်ဟန်က စာဖတ်သောလူမျိုးသည် ချမ်းသာ၏ ၊ ချမ်းသာသောလူမျိုးသည် စာဖတ်၏ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတဲကျေးရွာမူလွန်ကျောင်းနှင့် သစ်ပင်မဲကျေးရွာ မူလွန်ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအစီးအစဉ်အဖြစ် ဓါတ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကျောင်းသူ၊ ကျောင်းသား များအတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)