မိုးနဲ ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းရန် အဆိုပြုတင်ပြချက်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်စူးစူးမာ က သက်ဆိုင်ရာဌာနများအလိုက် အဆိုပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ အတည်ပြုချက်များရယူခြင်း၊ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်လျက်ရှိသော လုပ်ငန်းများထပ်မံထည့်သွင်း အတည်ပြုခြင်းများညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၀ မျိုးနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၅၉ မျိုး၊ စုစုပေါင်းလုပ်ငန်း ၂၀၉ မျိုးကို ဒေသ ဖွံ့ဖြိုးရေးအတွက် အဆိုပြုတင်ပြနိုင်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)