မိုင်းယု ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရေးသားထုတ်ပြန်ခြင်း(ဆင့်ပွား)သင်တန်းကို ဩဂုတ် ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက “သတင်းရေးသား ထုတ်ပြန်ခြင်း(ဆင့်ပွား)သင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ရုံးတွင်းရှိ ဝန်ထမ်းများအနေဖြင့် သတင်းရေးသားထုတ်ပြန်ရာ၌ ပိုမိုသိရှိနိုင်ရန်နှင့် ဗီဒီယိုသတင်းများ ရိုက်ကူးထုတ်လွှင့်ရာ၌ ပိုမိုတိုးတက်လာစေရန် မိုဘိုင်းဖုန်းဖြင့် သတင်းရိုက်ကူးထုတ်လွှင့်ခြင်းများကို လက်တွေ့သင်ကြားပေးသွား မည်ဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဓာတ်ပုံကျွမ်းကျင်း-၂ ဦးကိုကိုနိုင်တို့က အခြေခံသတင်းစာပညာ၊ အချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားထုတ်ပြန်ခြင်း၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး၊ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်နှင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း အကြောင်းများကို ပို့ချပေးလျက်ရှိပြီး မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်