သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)များပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန်းစန်းသွယ်က ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်ကဆောင်ရွက် ပေးနေသော ကလေးသူငယ် ပြုစုစောင့်ရှောက်ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေး သူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှုမရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့်အကြောင်း များနှင့်ပတ်သက်၍ အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)