မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

မိုင်းခုတ် ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းရှိ ခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နန်းနှင်းအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိအားတိုးဆေး ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူတစ်ဉီးချင်း၏ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်များ ဖြည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကူသမှုပေးခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)