တပ်ကုန်းမြို့၌ ရသစုံလင်စာဥယျာဉ်အစီအစဉ် (Online) အသိပညာပေးဟောပြော

တပ်ကုန်း ဩဂုတ်၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ရသစုံလင်စာဥယျာဉ်အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို (Online)မှ တစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိရာ “ လူ့မနောဖြူပါစေ ”ခေါင်းစဉ် ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)က “လူ့မနောဖြူပါစေ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ သည်။ထိုခေါင်းစဉ်ထဲတွင် စိတ်ကိုယ်ဖြူအောင်ထားခြင်းနှင့် သူတစ်ပါးကိုလေးစားတတ်ခြင်း အ ကြောင်းတို့ ပါဝင်ပြီး၊ “ လူ့မနောဖြူပါစေ ”ခေါင်းစဉ်ဖြင့် ဟောပြောခြင်းအကြောင်းအရာအပြည့် အစုံကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် (Online )မှတစ်ဆင့် တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်