မန္တလေး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးသည် ယမန်နေ့ ညနေပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္က သိုလ် (မန္တလေး)တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရန် မွန်တိုင်းရင်း သားအကအဖွဲ့ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်ဦး၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဦးကျော်သူရနှင့် ဒေါ်အေးစန္ဒာအောင် တို့နှင့်အတူ မွန်တိုင်းရင်း သားရိုးရာအကအဖွဲ့ ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် သဘင်ဌာနမှူး ဒေါ်ချောစုစုကြည်နှင့်မွန်အကနည်းပြဆရာမ ဒေါ်စုသက်မွန်တို့က မွန်ရိုးရာအကလေ့ကျင့်နေမှုအခြေအနေများ၊ မွန်ဝတ်စုံအတွက် ဒီဇိုင်းနှင့်အရောင်ရွေးချယ် သတ်မှတ်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)