ဗန်းမော်မြို့ တံခွန်တိုင် ပရဟိတစာသင်တိုက်၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲ၊ အလှူငွေများ ဆက်ကပ်လှူဒါန်း

ဗန်းမော် ဩဂုတ် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင် ပြည်နယ် ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ သည် ယမန်နေ့က ဗန်းမော်မြို့ တံခွန်တိုင်ပရဟိတ စာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီးနှင့် ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သံဃာတော်၊ သီလရှင်များအား ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် စာသင်တိုက် များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရ သည်။

ဗန်းမော်(ပြန်/ဆက်)