မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းလုံ  ဩဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီခွဲအချိန်ခန့်က ကျင်းပ‌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး၊ စာကြည့်တိုက်တွင် စာအုပ်များ လာရောက်ငှားရမ်းကြရန်နှင့် ဌားထားသောစာအုပ်များကို ရိုရိုသေသေကိုင်တွယ်ဖတ်ရှုကြရန်၊ စာအုပ်များကို ပုံမှန်လာရောက်အပ်ကြရန် စသည့်အကြောင်းအရာများကိုပြောကြားပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်အစဆေးလိပ်က စသည့်အကြောင်းများကို နံရံကပ်စာစောင်များပြသထားရာသို့ ကျောင်းသား၊ကျောင်းသူ လေးများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ထို့နောက်အခြေခံပညာ အထက်တန်း‌ကျောင်းမှ Grade -5 ကျောင်းသား၊ ကျောင်းသူ‌လေးများမှ တိုင်းရင်းသား ကလေးစာပေပုံပြင်စာအုပ်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)