မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့ ဩဂုတ် ၂၃

ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာ လာရောက်အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများပြုလုပ်ရာတွင် မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင်သွယ်နှင့် ဝန်ထမ်းများက မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့အား ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်း၊ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းများကစားခြင်း စသည်တို့ကို ပြုလုပ်ပေးရာ တပျော်တပါး ပါဝင်ကစားခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက အမှတ်တရ လက်ဆောင် များပေးအပ်ခဲ့သည်။

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြှင့်မားရေးအတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေး ဟောပြောခြင်းများ၊ စာအုပ် စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)