နမ့်ဆန် ဩဂုတ် ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အမက(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို နံရံကပ်စာစောင်များ ပြသထားရာသို့ ကျောင်းသား/ကျောင်းသူလေးများ စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။
ထို့နောက် အမက(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများမှ တိုင်းရင်းသားကလေး စာပေပုံပြင်စာအုပ်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)