မိုင်းတုံမြို့နယ်၌ မိုင်းတုံ-ပုံပါကျင်-ဘီပီဝမ်းသွားလမ်းအား နှစ်လွှာတစ်ထပ်ဘေလီတံတား(၁) စင်း တိုးချဲ့တည်ဆောက်

မိုင်းတုံ  ဩဂုတ်  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ  ၂၀၂၂ခုနှစ်၊ ဩဂုတ်(၁၁)ရက်နေ့ ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျ‌ရေများပြင်းထန်မှုကြောင့် ဟွေအောကျေးရွာအနီး  မိုင်းတုံ-ပုံပါကျင်-ဘီပီဝမ်းသွားလမ်း( ၄၄ km - ၄၅km)ကြားရှိ တံတားအမှတ် (၁/၄၅)အရှည်(၄၀)ပေ၊ အကျယ်(၂၂)ပေ၊ အမြင့်(၁၂)ပေရှိ ကျောက်စီဂုံးတံတားနှင့် ချဉ်းကပ်လမ်းသား နှစ်ဖက်အပါအဝင်ပေ(၁၃၀)ခန့် ဆုံးရှုံးမှု တန်ဖိုး (၄၈) သန်းရှိခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆုံးရှုံးပျက်စီးသွားသော ကျောက်စီဂုံးတံတားနှင့် ချဉ်းကပ်လမ်းသားကို မိုင်းတုံမြို့နယ်လမ်းဦးစီးဌာနမှ မိုင်းတုံဘက်အခြမ်းတွင် နှစ်လွှာတစ်ထပ်‌ဘေလီတံတား အရှည်‌ (၈၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၁၂)ပေကို  ၁၄-၈-၂၀၂၂ ရက်‌နေ့မှ စတင်ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိကြောင်း မိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)