မိုင်းဆတ်မြို့နယ်၊ အလက(ခွဲ) မယ်နင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

မိုင်းဆတ် သြဂုတ်၂၃

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မယ်နင်ကျေးရွာ အလက(ခွဲ)ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်တွေစာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက်အားထားရမည့် လူငယ်များဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက ပလပ်စတစ်အန္တရာယ် အသိပညာပေး‌ ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ  ပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုပြီး မှတ်သားသင့်သည်များ ကူးယူမှတ်သားခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)