ကော့မှူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ကော့မှူး  ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီ က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနံရံကပ် စာစောင်နှင့်  စာအုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူများအသိပညာဗဟုသုတရရှိစေရန် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသိပညာပေးနံရံကပ်စာစောင်တွင် မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ အကြောင်းအရာများကို ပြည်သူ့များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြသထားရာ ပြည်သူများ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

 ကျော်သူရ (ကော့မှူး)