သန်လျင် သြဂုတ် ၂၃
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်) က ကျောင်းသား၊ကျောင်းသူများ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများရရှိစေရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်း က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရည်ရွယ်ချက်၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ''အဏ္ဏဝါညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ'' ကို ပရိုဂျက်တာဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ထုတ်ဝေသော လက်ကမ်းစာစောင်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင် နှင့်် ကျောင်းသားကျောင်းသူများသို့ ပေးအပ်သည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ဆက်လက်၍ အခြေခံပညာကျောင်းများသို့ အသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)