ကမာရွတ် ဩဂုတ် ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း က မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့ က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အသိပညာဗဟုသုတရရှိစေရန်အတွက် ရောဂါအကြောင်းအရာကို မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က တိရစ္ဆာန်များကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု့၊ ရောဂါကူးစက်ခြေရှိသည့် နည်းလမ်းများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါများ၊ မျောက်ကျောက်ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ ကုသမှုခံယူကြပါရန် တိုက်တွန်းပြောကြား အသိပညာပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)