လှည်းကူး သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က (Talk Show) ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က စာရိတ္တဆိုသည်မှာ ကိုယ်ကျင့်တရားဖြစ်ပြီး ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းမှုရှိရန်၊ လူငယ်များအနေဖြင့် ရိုးသားဖြောင့်မတ်ခြင်း၊ မကောင်းမှုပြုလုပ်ရန် ရှက်ကြောက်ခြင်းနှင့် အကျင့်ကောင်းများနှင့် ပြည့်စုံသောလူငယ်များဖြစ်ရန် စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)