လှည်းကူး သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်တွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ က ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ရေကန်၊ ရေစည်ရေအိုးများ၊ မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)