လှည်းကူး သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရန်နှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း အဖွဲ့တို့က အခြေခံပညာကျောင်းများအတွင်းရှိ စာသင်ဆောင်များ၊ နားနေဆောင်များ၊ အိမ်သာများနှင့် ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)