သင်္ဃန်းကျွန်း ဩဂုတ် ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းမှ Grade6 နှင့် Grade7 ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)