ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကင်း သြဂုတ် ၂၃

 ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မျောက်ကျောက်ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းတည့် ၁၂:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က   စာအုပ်စာစောင်များပြသရာတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်စာစာင်များ၊ စာရေးဆရာကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ သမိုင်းကြောင်း ရာဇဝင်များ၊ သုတ၊ ရသ စာပေမျိုးစုံကို စာအုပ်စာစောင် ချစ်မြတ်နိုးသူ၊ ပြည်သူများအတွက် ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ပြသထားကြောင်းနှင့် နံရံကပ်ပပြဘုတ်တွင်လည်း ယနေ့ ဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် Online နှင့်  စာအုပ်စာ စောင်များမှတစ်ဆင့် ကူးယူဖော်ပြကာ သိရှိလိုသော ပြည်သူများ၊ ကျောင်းသား လူငယ်များ အတွက်  စိတ်ဝင်စားဖွယ် ပြသထားကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက နံရံကပ်ပြဘုတ်တွင် ပြသထားသော အကြောင်းအရာများနှင့်  စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ   လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)