ငါန်းဇွန်မြို့နယ် မဂျီကျေးရွာတွင် မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်

ငါန်းဇွန်    ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မဂျီကျေးရွာအုပ်စု မဂျီကျေးရွာတွင် ဩဂုတ် ၁၉ရက်နေ့က မီးဘေးဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဖိုးတို့အား ယမန်နေ့နံနက် ၁၁နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်အေးနှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းနှင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမျိုးမင်းသိန်းတို့နှင့်အတူ မီးဘေးဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆၃)စုမှ လူဦးရေ(၂၅၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးနှင့်ဆန်ရိက္ခာတန်ဖိုး ငွေကျပ်(၉၈၃၇၆ဝဝိ/-)တို့အား မီးဘေးသင့်အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)