လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်းဩဂုတ်လ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် က  လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်()တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။

ဆက်လက်၍ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူနှင့် တပ်ဖွဲ့ဝင်များ ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်း အမှတ်()တွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ခန့်မှန်းလို့ မရနိုင်သည့်အတွက် ဖြစ်ပွားချိန်တွင် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ဖြစ်ပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ် အားလုံးနှင့်ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက မည်သို့လုပ်ဆောင် သင့်ကြောင်းကို သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း မီးသတ်ဦးစီးဌာန တာ၀န်ရှိသူထံမှ သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)