အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်ထိုးနှံပေး

မန္တလေး ဩဂုတ် ၂၂

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်‌ဆေးထိုးနှံရာ၌ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ဒေါ်ဖီဓမ္မာရုံတွင် အသက်(၁၈)နှစ်အထက် ပြည်သူ (၄၀၀) ဦးကိုလည်းကောင်း၊ ဒေါနဘွားရပ်ကွက်ရှိ မုန်တိုင်းဓမ္မာရုံတွင် ပြည်သူ (၂၆၁) ဦးကိုလည်းကောင်း၊ ပြည်ကြီးရန် လုံရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတွင် ပြည်သူ (၃၆၀) ဦးကိုလည်းကောင်း၊ ပြည်ကြီးကျက်ရေ အနောက်ရပ်ကွက်ရှိ ရွှေကျီးနားဓမ္မာရုံတွင် ပြည်သူ(၂၈၀) ဦးကိုလည်းကောင်း စုစုပေါင်း ၁၃၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ ဦးဆောင်မှုနှင့် ကျန်းမာရေးဆရာမ ဒေါ်ခင်လေးဝါ၊ သားဖွားဆရာမ ဒေါ်အိုင်းရစ်လေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose များ ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း