ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကွတ်ခိုင် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များပိုမို ကျယ်ပြန့်လာစေရန်ရည်ရွယ် အမှတ်(၂)ရပ်ကွက်ရှိ ဧဒင်မူကြိုကျောင်းမှ ကလေးငယ်များဖြင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဧဒင်မူကြိုကျောင်းမှ ကလေးငယ်များစုစုပေါင်း (၁၄)ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးစွာကဗျာရွတ်ဆိုခြင်းပြိုင်ပွဲကိုပြုလုပ်၍ ထို့နောက်မှ ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအပြီးတွင် ထူးချွန်သည့်ကလေးငယ်များအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)