လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နေ့လယ် (၁) နာရီက အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းနိုင်က ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းလို့ မရနိုင်သည့်အတွက် ငလျင်ဘေးဖြစ်ပွားချိန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့် အချက်များနှင့် ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သတ်၍ လုပ်ငန်းစဉ် အားလုံးကို တက်ရောက်လာကြသူများနှင့် ရပ်ကွက်နေ ပြည်သူများ အသေးစိတ်သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ဆောင်ရွက်ရာ ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)