နောင်တရား ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် သုတ၊ ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်းပြုလုပ်သည်။
Bookclub အဖွဲ့ဝင်ခွန်ကျောင်အောင်က စာရေးဆရာတက္ကသိုလ်မလေးခိုင်ရေသားထားသည့် ရိုးသားမှုကအမြဲမှန်တာ အိပ်ရာဝင်ပုံပြင်စာအုပ်မှရိုးသားမှုက အမြဲမှန်တာအကြောင်းကို ဆွေးနွေးပြီး အဆိုပါပုံပြင်စာအုပ်မှ မိမိခံစားရသည့် သင်ခန်းစာများအကြောင်းကို လည်းကောင်း၊ စိုင်းဆိုင်မွန်းကထူးဆန်းသော ပိုက်ဆံအိတ်ခေါင်းစဉ်ဖြင့် မိမိခံစားရသည် သုတ၊ ရသနှင့် သင်ခန်းစာများအကြောင်းကိုလည်းကောင်းဆွေးနွေးကြသည်။ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Bookclub အဖွဲ့ဝင်များက စာအုပ်စာစောင်များမှ သုတအသိပညာ၊ ရသခံစားချက်နှင့် သင်ခန်းစာယူစရာများကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)