ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ချောင်းဆုံ ဩဂုတ် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ချောင်းဆုံမြို့နယ် မုရစ်ကလေး (အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (အ.ထ.က) ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာမွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက စာဖတ်ရှိန်မြှင့်တင်ရေးဖြင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် ကမ္ဘာကြီးကျန်းမာဖို့ စွန့်ပစ်ပစ္စည်းလျော့ချဖို့ အကြောင်းအရာများကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က မီးဘေးလုံခြုံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ (အား/ကာ) ဌာနဦးစီးအရာရှိ ဒေါ်သက်ငုံဖူးက ဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက် အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ (ဘေး/စီမံ)ဌာန ဦးကျော်ကျော်က သဘာဝဘေးနှင့် ပတ်သက်သည့် ဘေးအမျိုးအစားအကြောင်းအရာများကိုလည်းကောင်း၊ ဟောပြောခဲ့သည်။

ထို့နောက် (အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/စီမံ)ဌာနမှ သဘာဝဘေးနှင့် ပက်သက်ပြိး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းသား/ သူများအား အဆိုပါအဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းသား/ သူ (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)