ကျောက်ဆည် ဩဂုတ်၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လိုအပ်သည့်ကဏ္ဍများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဗနွဲ့ကုန်းကျေးရွာမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်း လမ်း များ ကွန်ကရစ်ခင်းပေးလျက် ရှိကြောင်း သိရှိရသည်။
ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ၊လုပ်အား(၅၃)သိန်း၊ စုစုပေါင်းငွေကျပ် (၁၅၃) သိန်း အကုန်အကျခံကာ အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ထု(၆) လက်မ ကွန်ကရစ်ခင်းပေးခြင်း ဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ အနီးကပ်ကြီးကြပ်ပြီး နည်းပညာများ ကူညီပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများပြီးစီးပါက ဗနွဲ့ကုန်းကျေးရွာမှ အိမ်ခြေ(၁၃၂)အိမ်၊ လူဦးရေ(၆၁၂)ဦးတို့ ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းများကို တုံလုံ၊ ဗနွဲ့ကုန်း၊ ရေဗြစ်၊ ရန်ဘက်လို၊ အောင်ချမ်းသာ၊ အေးရွာ၊ ဈေးကုန်း၊ ငပြောင်၊ သရက်ပင်၊ သင်တောင်း၊ ပေါက်ပင်ကွေ့၊ ကုန်းသာ ကျေးရွာများ တွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)