မုဒုံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မုဒုံ သြဂုတ် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ ၊ ပြပွဲ ၊ ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဗိုလ်တေဇ)၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကမ္ဘာပေါ်မှာ အဖြစ်များနေသည့် လူကုန်ကူးမှု နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ဟောပြောပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး  ကျောင်းသား / သူများမှ “ အိမ်မတ်များပျောက်ကွယ်ခြင်း” ခေါင်းစဉ်ဖြင့် တေးသရုပ်ဖော်ပြသခဲ့သည်။ ထို့နောက် ဟောပြောပွဲတွင် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ ပစ်မှုပစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သိရှိပါက ဆက်သွယ်ရမည့် အထူးဖုန်းလိုင်းများကို ပြောကြားခဲ့သည်။

ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်ချီပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/သူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသိပညာ ဗဟုသုတများရရှိစေရန်အတွက် လူကုန်ကူးမှုဆိုင်ရာများနှင့် ပတ်သက်သည့် နံရံကပ်ပိုစ တာများ ၊ ဗီနိုင်များကိုပြသခဲ့ကြောင်း၊  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် သုတ ၊ ရသ ၊ ရုပ်ပြ စာအုပ်များကို ခင်ကျင်းပြသပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)