နမ့်ဆန် ဩဂုတ် ၂၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအ ချိန်က နဝရတ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထိမ်းအမှတ်ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦးမှ လူကုန်ကူးမှုအကြောင်း သိကောင်းစရာအကြောင်းအရာကို ဟောပြောပြီး လူကုန်ကူးမှုအကြောင်းအရာ သိကောင်းစရာ နံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပြသဆောင်ရွက်ခဲ့ပြီး စာအုပ်စာစောင်များကိုလည်း တစ်ဦးလျှင်(၂)အုပ်နှုန်း ဌားရမ်းပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)