လွိုင်လင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက် (၀၉:၃၀)တွင် သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ရောင်းချသည့် နှုန်းထားအတိုင်းရောင်းချရေး၊ ချင်တွယ်မှုမှန်ကန်စေရေး၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်မီးငြိမ်းသတ်ရန်လိုအပ်သည့် မီးသတ်ဆေးဗူးများ၊ ရေများလုံလောက်အောင် စနစ်တကျစီမံထားရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး