မာန်အောင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စာအုပ်စာစောင် အခမဲ့ငှားရမ်းပေး

မာန်အောင် သြဂုတ် ၂၂

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကMobile Library စနစ်ဖြင့် အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များအား သုတ/ရသစာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ/ဆရာမများအား သွား‌ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့် (အခမဲ့) သွားရာက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)