သိန္နီ သြဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ပင်စင်စားများ၏ ပင်စင်လစာများကို အခက်အခဲမရှိထုတ်ယူနိုင်ရေး ဘဏ်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများအနေဖြင့် ပင်စင်စားများ၏ ပင်စင်လစာများ အချိန်မီထုတ်ယူနိုင်ရေးအတွက် ဘဏ်တွင် ကြော်ငြာများကပ်ထားခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ဆက်သွယ်နိုင်မည့်နည်းလမ်းကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ(၆၀၀)ကျော်ရှိရာ လစဉ်ပင်စင်စားဦးရေ(၅၀၀)ကျော် လာရောက်ထုတ်ယူလျက်ရှိသည်။ ကျန်ရှိသည့် (၁၀၀)ကျော်မှာ လစဉ်ထုတ်ယူခြင်းမျိုးမဟုတ်ပဲ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)