သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/သူ လူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး စာအုပ်စာစောင်များ ခင်ကျင်းပြသခြင်းဆောင်ရွက်

သိန္နီ သြဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွာရေး၊ စာအုပ်စာ​စောင်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

စာအုပ်စာစောင်ပြပွဲတွင် သိန္နီမြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတရဖွယ်စာအုပ်များ၊ စိတ်ခွန်အားကို တိုးပွားစေသောစာအုပ်များ၊ လူငယ်များအတုယူအားကျဖွယ် လူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိစာ အုပ်များ၊ဘာသာရေးစာအုပ်များ၊ ရိုးရာယဉ်ကျေးမှုကို အတုယူလိုက်နာသင့်သည့် စာအုပ်များနှင့် ရုပ်ပြကာတွန်းစာအုပ်များအပါအဝင် သုတ/ရသ(၁၀၀)အုပ်၊ မဂ္ဂဇင်း(၂၀)အုပ်၊ ရုပ်ပြ(၃၀)အုပ်နှင့် ဂျာနယ်/စာစောင်များကို ခင်းကျင်းပြသထားခြင်းဖြစ်သည်။ အဆိုပါပြပွဲသို့ သိန္နီမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။ ထိုသို့ စာအုပ်/ စာစောင်များကို ခင်းကျင်းပြသပေးခြင်းဖြင့် စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်သည့် အလေ့အထကောင်းများရရှိပါကြောင်း အ-မ-က(၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်မှ ပြောကြားခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)