အလုံ သြဂုတ် ၂၂
ကျောင်းသား၊ လူငယ်များ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တပိုင်တနိုင် စီးပွားရေး လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ Bow ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်မိုးသဲနှင်းက Bow ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သင်ကြားပြသခဲ့သည်။
ဆက်လက်၍ သင်တန်းသားများက မိမိတို့သင်ယူတတ်မြောက်မှုကို လက်တွေ့ပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား(၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)