ကွမ်းခြံကုန်း ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက ကွမ်းခြံကုန်းမြို့နယ်၊ မြို့မစျေးတွင် ဒေသခံပြည်သူ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် အိုမီခရွန် မျိုးရိုးဗီဇများ ရောဂါကို BA.2.75၊ BA.4၊ BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ထွက်ခွာတိုင်း မဖြစ်မနေ (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား (Mask) များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask (၁၅၀၀) အား ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းမင်းနှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးကျော်သူရနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ယဉ်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်သူထိုက်နှင့် ဝန်ထမ်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(ဆွေနွယ် IPRD)