တံတားဦး ဩဂုတ် ၂၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလိုကြောင်း၊ ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်ရေး အတွက် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်းပြေကြားပြီး အခြေခံပညာဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများက မိမိတို့လေ့လာမှတ်သားထားသော ရုပ်ပုံများကို ဆေးရောင်များဖြင့် ခြယ်သကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်ပြပွဲတွင် သဘာဝဘေးအန္တရာ ကြိုတင်ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို နံရံကပ်စာစောင်ပြပွဲတွင် ပြသခဲ့ရာ ဆရာ/မများ၊ ကျောင်းသား/သူများက စတ်ဝင်တစား လေ့လာမှတ်သားကြည့်ရှုကြကြောင်း သိရသည်။
ရဲတင့်