သန်လျင် သြဂုတ် ၂၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ရန်ကုန်တောငိပိုင်းခရိုင်ရုံးမှ စီစဉ်ကျင်းပ သော သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့် ခန်းမ၌ ကျင်းပသည်။
ဦးစွာခရိုင် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှုး ဦးHကံထူးနှင့် ခရိုင်ရုံးမှ ဒေါ်တူးတူးအောင်၊ ဒေါ်ထက်ရွှေရည်နိုင်နှင့် ဦးဝင်းထွဋ်ဦးတို့က ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရယ်များဖြစ်သော မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေဘေးတို့နှင့် စပ်လျင်း၍ ကြိုတင်ကာကွယ်ရေး၊ အန္တရယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများအား ပရိုဂျက်တာဖြင့် အသိပညာပေး ဟောပြောကြသည်။
ထို့နောက်တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ခရိုင်လက်ထောက်ညွန်ကြားရေးမှုးနှင့် နာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးကြသည်။
အခမ်းအနားသို့ တာဝန်ခံ ဆရာမကြီး ဒေါ်ရီရီစန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်၊ အလားတူ သန်လျင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ဆက်လက်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)