စဉ့်ကိုင်မြို့နယ် မဲဇာကျေးရွာအတွင်း မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်       

စဉ့်ကိုင် သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေ (၅) နာရီက မဲဇာကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် Hand Speaker ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပြည်သူများသိစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက အပတ်စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မျောက်ကျောက်ရောဂါကူးစက်သည့် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့် မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များ၊ စားသုံးမိခြင်း၊  ရောဂါပိုးရှိသူနှင့်  အနီးကပ်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မိမိတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ်များ ရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် သီးခြားခွဲနေထိုင်ရန်၊ အခြားသူများနှင့်နီးကပ်စွာ ထိတွေ့မှုကို​  ရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအား မကူးစက်အောင် ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှု ပြုလုပ်မည်ဆိုပါက နှာခေါင်းစည်းကို တပ်ဆင်အသုံးပြုရေးစသည့် ရှောင်ရန်အချက်များနှင့်  ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် မျောက်ကျောက်ရောဂါအကြောင်း မဲဇာကျေးရွာအတွင်း လမ်းဆုံနေရာများတွင် Hand Speaker ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)