လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

လှိုင် ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ) ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊  အသိပညာ ဗဟုသုတများကို တဆင့်ပြန်လည်မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ)ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ပါ “လူငယ်များ စိတ်ဓာတ်ယဉ်ကျေးမှု မြင့်မားစေရန်” ခေါင်းစဉ်ဖြင့် စာရေးဆရာမပေါက်ပေါက်က ဖတ်ကြားဆွေးနွေးခြင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)