ကျောင်းသား ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မုဒုံ သြဂုတ် ၂၂

မွန်ပြည်နယ်  မော်လမြိုင်ခရိုင်  မုဒုံမြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  ကျောင်းသား/ ကျောင်းသူများ  အစားအစာ ဘေးကင်းလုံခြုံစေရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ကျင်းပသည်။

ဟောပြောပွဲတွင်ကျောင်အုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိုးဝင်းက စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် သတိပြုရမည့် အချက်များ၊ စားသုံးရန်မသင့်သည့် အစားအစာများကို ဝယ်ယူစားသုံးပါက ခံစားရမည့် ရောဂါဆိုးကျိုးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများအကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက အစားအစာ ဘေးကင်းလုံခြုံရေး၊ စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)