အလုံမြို့နယ်၌ မြို့နယ်သတင်းစာ ဆရာအသင်း၏ မြို့နယ်အမှုဆောင်အသစ် ရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အလုံ သြဂုတ် ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်သတင်းစာ ဆရာအသင်း၏  မြို့နယ်အမှုဆောင် အသစ်ရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  အလုံမြို့နယ်၊ သစ်တောရက်ကွက်၊ ကမ်းနားလမ်းရှိ  OMEGA  ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းသတင်းစာဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်ဝေးမှ လမ်းညွှန်ပြောကြားချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ လူမှုကူညီးရေးအသင်းဖွဲ့စည်းခြင်းနှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဦးအောင်းစိုးမှ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် နာယကကြီး များ၊ အဖွဲ့ဝင်များက တစ်ဦးချင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမှုဆောင်အဖွဲ့  အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးအောင်စိုး (အောင်စိုး အလုံ)၊   ဒုတိယဥက္ကဋ္ဌအဖြစ်  ဦးသီဟချစ် (သီဟ အလုံ)၊ အတွင်းရေးမှူးအဖြစ် ဦးတင်မောင်ဦး  (အလုံ)၊  တွဲအတွင်းရေးမှူးအဖြစ် ဦးတင်စိုးဦး (ကျော်ဇေယျ)၊ အလုပ်အမှုဆောင်အဖြစ်  ဦးစိုးနိူင် (ချိန်သီး) တို့အား ရွေးချယ်ဖွဲ့စည်းခဲ့ပြီး  ဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်တင်ချို(ပြန်/ဆက်)